Sunday, September 12, 2010

အဆွေးမျက်ရည်

လရောင်ဆန်းတဲ့ သန်းခေါင်ယံညတွေမှာ မှေးစက်သော်လည် မပျော်နိုင်ခဲ့ ပွေလီစိတ်ကူးတွေနဲ့ တိက်တစ်စိတ် မေ့စီကိုမြင်ရောင်မိနေ နှောင်းခဲ့တဲ့ အဖြင့်တွေကို ဟောင်းလိမ့်မယ်မထင်ပါနဲ့ ပြေားပြမတက် ရူးမလောက်ချစ်တဲ့မေ့ကို ဝေးမြေစီက အလွမ်းတွေနဲ့ ငွေလကိုသက်သေထူလို့ စေလွှာတွေပါး လွမ်းရက်ရည်ကြာတစ်မိုးအောက်တစ်ယောက် ချစ်မိပြီမို့ အချစ်တွေနဲ့လွမ်းလို့နေဆဲပါ ချစ်သူရယ်ကြားစေတော့........


Monday, June 21, 2010

အလွမ်း

မမေ့နိုင်လွန်းတဲ့မင်းကို
အသက်တစ်ခါရှုလိုက်တိုင်း
ငါရူးသွပ်မိပါရဲ့ 
မင်းပြုံးတာမြင်လိုက်ရတိုင်း
ငါ့ကောင်းကင်တွေတိမ်ကင်းစင်ပေမယ့်
ဆုံနိုင်ခွင့်ကထာဝရမှမဟုတ်တာ
ကောင်လေးရေ
ငါ့အလွမ်းတွေနင်ကြားနိုင်ဖို့ 
ငါ့ကိုယ်ငါဥသြငှက်ဘဲဖြစ်လိုက်ချင်တယ်
အခုတော့နင်အကြည့်လွှဲလိုက်တာ
သူစိမ်းဆန်လွန်းလှပါတယ်
ဧဒင်ဥယျာဉ်ကပန်းသီးကို
အတူတကွစားသုံးဖို့ 
မဖြစ်နိုင်တော့ပေမယ့်
နင့် အပြုံးလေးတစ်ချက်မှာ
ငါ့နှလုံးသားလေးသေလောက်အောင်ကြွေတတ်လို့ 
အပြုံးလေးတစ်ပွင့်
နင့်နှလုံးသားကခြွေချပေးခဲ့ပါကွာ။
ဘာကြောင့် ဘဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်ပေါ့လေ
မဆုံနိုင်တဲ့အချိန်တွေတိုင်း
အလွမ်းတွေနဲ့ ကြည်နူးခွင့်ရအောင်
နင်ပြုံးပြခဲ့ဖို့ ကောင်းပါတယ်
ဇေယျာမြေ ဘလော့ မှ ကူးယူးဖေါ်ပြပါသည်